• Acknowledgement to the stakeholders for the comments and suggestions of the MTLAS version 1.03 – 2022

    မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ် မူကွဲ (၁.၀၃ - ၂၀၂၂)" အတွက် လူထုသဘောထားမှတ်ချက် နှင့် အကြံပြုချက်များရယူခြင်းမှ လက်ခံရရှိသော သဘောထား မှတ်ချက်များနှင့်စပ်လျဥ်း၍ ဆက်စပ်ပတ်သက်ပါဝင်သူများအား အကြောင်းပြန်ကြားခြင်း ၁။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ (Myanmar Forest Certification Committee - MFCC)သည် ITTOနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ထာဝစဉ်တည်တံ့စေမည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင် မှု (Sustainable Forest Management SFM) စံချိန်စံညွှန်းများနှင့် တရားဝင်သစ်ဖြစ်ကြောင်း မူဘောင် များ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ "STRENGTHENING SFM STANDARDS AND TIMBER LEGALITY FRAMEWORK IN MYANMAR" စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ MFCC သည် မြန်မာနိုင်ငံတွင် သစ်တောထောက်ခံချက်ပေးခြင်းကိစ္စရပ်များအား စီမံအုပ်ချုပ်ကွပ်ကဲရသည့် အဖွဲ့ အစည်း(National Governing Body) ဖြစ်ပါသည်။ MFCC သည် ထာဝစဥ်တည်တံ့စေသောသစ်တော စီမံအုပ်ချုပ်မှုနှင့်တရားဝင်သစ်များကို ထောက်ခံချက်များထုတ်ပေးနိုင်ရေးအတွက် လုပ်ဆောင်လျက် ရှိပါသည်။ ၂။ MFCC မှ ရေးဆွဲထားသော Policies များတွင် စနစ်များ/စံနှင့်အညွှန်းများ ရေးဆွဲသည့်အခါနှင့် ပြန်လည် သုံးသပ်ပြင်ဆင်ရေးဆွဲသည့်အခါတွင် လိုက်နာဆောင်ရွက်ရမည့် Standard Setting Policy အရ “စံနှင့် အညွှန်းများအား ရေးဆွဲပြီး (၅) နှစ်ထက်မပိုသောကာလအတွင်း ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲရန်” ထည့်သွင်းရေးဆွဲထားပါသည်။ ၃။ MFCCမှ ပြုစုထားသော Standard Setting Policy အရ MTLAS ကို ပြန်လည်သုံးသပ်ရာ မူလ (၂၀၁၃) စံချိန်စံညွှန်းကို မူကွဲ (၁.၀) သတ်မှတ်ပါသည်။ မူကွဲ (၂) ကို အတည်မပြုမီ မူကွဲ (၁.၀၁)၊ (၁.၀၂)နှင့် (၁.၀၃) စသည်ဖြင့် သတ်မှတ်ရန် အဆင့်များ ရှိမည်ဖြစ်ပြီး နောက်ဆုံးမူကွဲ (၂) ကို အတည်ပြုပြီးသည် အထိ အဆင့်ဆင့်လုပ်ဆောင်ခဲ့ချက်များကို ရက်စွဲဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ MTLAS မူကွဲ (၁.၀၁) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ MTLAS မူကွဲ (၁.၀၂) ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ယခု MTLAS မူကွဲ (၁.၀၃) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ကျင်းပခဲ့သော Expert Advisory Group နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ ပထမ အကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုထားခြင်း ဖြစ်ပါသည်။ ၄။ “မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” မူကွဲ (၁.၀၃ - ၂၀၂၂) ကို အတည်ပြုနိုင်ရေး အတွက် ဆက်စပ်ပတ်သက်ပါဝင်သူများ အားလုံးထံမှ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များရယူ ခြင်းပုံစံဖြင့် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များတောင်းခံခြင်း(Public Consultation)ကို (၂၈-၆-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) ရက်နေ့ထိ ရက်ပေါင်း (၄၄)ရက်ကြာ တောင်းခံထားရှိခဲ့ပြီး အဆိုပါမူကွဲ အတွက် မြန်မာဘာသာပြန် (မူကြမ်း)ကိုပါ ဖြန့်ဝေခဲ့ပါသည်။ ၅။ သဘောထားမှတ်ချက်နှင့်အကြံပြုချက်များပေးခြင်းကို “လူထုသဘောထားမှတ်ချက်နှင့်အကြံဉာဏ်ရယူ ခြင်းပုံစံ”တွင် ဖြည့်စွက်၍ [email protected] သို့ Email ဖြင့် ပေးပို့နိုင်ပါကြောင်း MFCC ၏ Website Contact Page တွင် ကြေညာခဲ့ပါသည်။ MFCC အနေဖြင့် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို နောက်ဆက်တွဲ (၁)ပါ ဆက်စပ်ပတ်သက်ပါဝင်သူများထံမှ လက်ခံရရှိခဲ့ပါသည်။ ၆။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ၏ Standard Setting Policy အရ လူထုသဘော ထားမှတ်ချက်နှင့် အကြံဉာဏ်တောင်းခံရာတွင် ဆက်စပ်ပတ်သက်ပါဝင်သူများမှ ပြန်လည်ပေးပို့သော သဘောထားမှတ်ချက်/အကြံပြုချက်များအား နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့ (Expert Advisory Group - EAG) အဖွဲ့၏(၁၁)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ တစ်ကြိမ် ကျင်းပ၍လည်းကောင်း၊ အကြံပြုချက်များအရ ပြန်လည်ပြင်ဆင်ထားရှိသည့် မူကွဲအပေါ် မြန်မာဘာသာ ပြန်ဆိုထားမှုများအား နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့ (Expert Advisory Group - EAG) အဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် တစ်ကြိမ်ကျင်းပ၍လည်း ကောင်း၊ မြန်မာနိုင်ငံသစ်တောထောက်ခံ ချက်ပြုရေးကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်လည်းကောင်း ၊ EAG အပါအဝင်သုံးကြိမ်ကျင်းပ၍ အဆင့်ဆင့် သုံးသပ်ဆွေးနွေးအတည်ပြုခဲ့ပါသည်။ ၇။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီအနေဖြင့် ဆက်စပ်ပတ်သက်သူများ၏ အကြံပြု ချက်များမှ ရရှိလာသော ရလဒ်များအရ မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် မူကွဲ (၀၂.၀၀)တွင် ထည့်သွင်းထားရှိမှုများရှိသကဲ့သို့ အချို့သောအကြံပြုချက်များအား အကဲဖြတ်ဆန်းစစ်မည့် ပုံစံများ (Audit Form/ Checklist) တွင် ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ၈။ Standard Setting Policy အရ အဆင့်ဆင့် ဆွေးနွေးအတည်ပြုချက်များကို နောက်ဆက်တွဲ (၂) မှ (၄) တွင် ဖော်ပြအပ်ပါသည်။ အဆင့်ဆင့်ဆွေးနွေးအတည်ပြုချက်များဖြင့် “Myanmar Timber Legality Assurance System v 02.00” အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။ ဆက်စပ်ပတ်သက်ပါဝင်သူများအားလည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် Email မှတစ်ဆင့် MFCC ၏ မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်အပေါ် သဘောထားမှတ်ချက်နှင့်အကြံ ပြုချက်များပေးသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သဘောထား မှတ်ချက်နှင့် အကြံပြုချက်များအား အဆင့်ဆင့် ဆွေးနွေးအတည်ပြုချက်များကို အကြောင်းပြန်ကြားပြီး ဖြစ်ပါသည်။ (*သဘောထားမှတ်ချက်နှင့် အကြံပြုချက်များအား အဆင့်ဆင့် ဆွေးနွေးအတည်ပြုချက်များ၏ Myanmar Version ကို MFCC ၏ Website (www.mfcc.org.mm) တွင် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။) Acknowledgement to the stakeholders for the comments and suggestions of the MTLAS version 1.03 - 2022 1. The Myanmar Forest Certification Committee (MFCC), in cooperation with ITTO, is implementing the project "STRENGTHENING SFM STANDARDS AND TIMBER LEGALITY FRAMEWORK IN MYANMAR" with the aim of strengthening the Sustainable Forest Management (SFM) standards and legal framework in Myanmar. The MFCC serves as the National Governing Body (NGB) of forest/timber certification schemes in Myanmar and a central part of the mandate is to carry out forest and timber certification and create an enabling environment for the sustainability of Myanmar forests. 2. Within the Policies formulated by the MFCC, the Standard Setting Policy outlines the guidelines to be followed during the development, review, and preparation of systems/standards and indicators. It stipulates that these standards and indicators should be reviewed and updated at least once every five years from their initial development. 3. As per the Standard Setting Policy by the MFCC, the Myanmar Timber Legality Assurance System (MTLAS) underwent revisions, resulting in the original (2013) standard being denoted as version (1.0). Subsequently, versions (1.01), (1.02), and (1.03) were approved, with a record of the steps taken and the corresponding dates documented until the final version (2) was endorsed. Notably, MTLAS version (1.01) was released in 2019 and officially approved on February 22. Following this, MTLAS version (1.02) obtained approval on January 26, 2021. The latest version, MTLAS (1.03), was approved during the Expert Advisory Group meeting held on June 3, 2022, and further confirmed by the initial meeting of the Myanmar Forest Certification Committee on June 13th of the same year. 4. To approve the version (1.03 - 2022) of "Myanmar Timber Legality Assurance System," a Public Consultation was initiated, requesting input for 44 days, from June 28, 2022, to August 10, 2022. The consultation aimed to obtain comments and suggestions from all relevant parties, and a Burmese translation (draft) was also disseminated. 5. An announcement on the MFCC's Website Page also provided information on how to submit comments and suggestions by filling in the "Public Comment and Advice Form" and sending it to [email protected]. Subsequently, the MFCC received comments and suggestions from the concerned stakeholders, which are included in Appendix (1). 6. As per the Myanmar Forest Certification Committee's Standard Setting Policy, the comments and recommendations received during the public consultation and advice request was discussed upon during the (11th) meeting of the Technical Working Group (Expert Advisory Group - EAG) in 2022. This meeting took place on September 5th. Following the recommendations, the Burmese translation of the revised version was undergo further review and discussion during the (13th) meeting of the Technical Working Group (Expert Advisory Group - EAG) in 2022, which occurred on December 27th. Additionally, during the second meeting of the Myanmar Forest Certification Committee on January (11) and subsequently during the EAG meetings, the system was reviewed and approved step by step. 7. Based on the feedback and recommendations received from the relevant parties, the Myanmar Forest Certification Committee incorporated certain recommendations in the form of an "Audit Form/Checklist" for evaluation and verification, similar to the ones included in version (02.00) of the system. 8. The Standard Setting Policy outlines step-by-step discussions and approvals, which can be found in Appendix (2) to (4). The confirmation of the "Myanmar Timber Legality Assurance System v 02.00" was communicated to the related stakeholders on January 11th, 2023. Additionally, on February 27th, stakeholders were acknowledged via email for providing comments and suggestions on the MFCC's system. The responses to these comments and suggestions were provided and confirmed step by step. (*The Myanmar version of comments and recommendations can be accessed and read on the MFCC's website at www.mfcc.org.mm.) Related DocumentsDate Appendix - 1 Stakeholder lists MyanmarJuly 2023 Appendix - 2 Response Letter Comments of Forest DepartmentJuly 2023 Appendix - 3 Response Letter Comments of MTEJuly 2023 Appendix - 4 Response Letter Comments of Double HelixJuly 2023


    Continue reading
  • Announcing our new Vision and Mission Statement

    The Myanmar Forest Certification Committee (MFCC) was first established as the Timber Certification Committee of Myanmar (TCCM) in 1998; after 24 years, the Secretariat of the MFCC thinks it is about time to revisit the vision and mission statement and revise it to make sure it’s attuned to what is happening in the environment globally and locally. MFCC felt strongly about making sure our secretariat team had input in refreshing our vision and mission, so MFCC secretariat team including the project coordinator and secretary, first proposed the new vision and mission statements to the 1st MFCC meeting which consists a broad range of members and carefully selected the statements step by step. While the vision provides inspiration and describes where we ultimately want to be as a National Governing Body of Myanmar, the mission identifies our purpose and defines what we will do on a daily basis to reach our goals. New MFCC’s Vision "A sustainable country where forest resources are conserved and contribute towards global sustainability." “ကမ္ဘာလုံးဆိုင်ရာထာဝစဉ်တည်တံ့စေသည့်ရည်မှန်းချက်များအားအထောက်အကူပြု‌ပေးနိုင်ရေး နှင့်သစ်တောသယံဇာတများကိုထိန်းသိမ်းသောရေရှည်တည်တံ့စေသည့်နိုင်ငံတစ်ခုဖြစ်လာစေရေး။” New MFCC’s Mission "To advocate the forest ecosystems and forest conservation through Sustainable Forest Management practices and timber legality certification in Myanmar and develop the international market through sustainable timber industry." “မြန်မာနိုင်ငံ၏ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုအလေ့အကျင့်များနှင့် တရားဝင် သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးခြင်းတို့မှတဆင့် သစ်တောဂေဟစနစ်များနှင့် သစ်တော ထိန်း သိမ်းခြင်းများကို ထောက်ခံအားပေးရန် နှင့် ရေရှည်တည်တံ့စေသော သစ်အခြေခံစက်မှုလုပ်ငန်း ဖြင့် နိုင်ငံတကာဈေးကွက်ကို ဖွံ့ဖြိုးတိုးတက်လာစေရန်။” With the new statements, MFCC reflect our commitment to carry out forest and timber certification and create an enabling environment for the sustainability of Myanmar Forests in line with the international framework.


    Continue reading
  • Deadline extended for 2 weeks until 10th August 2022: Public Consultation for “Myanmar Timber Legality Assurance System (MTLAS) Version (1.03-2022)”

    “မြန်မာနိုင်ငံ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ် မူကွဲ (၁.၀၃ - ၂၀၂၂)” အား ဆက်စပ်ပတ်သက်ပါဝင်သူများထံမှ လူထုသဘောထားမှတ်ချက်နှင့် အကြံဥာဏ်ရယူခြင်း” မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီအနေဖြင့် ၂၀၀၉ ခုနှစ်တွင် “အာဆီ ယံ၏ လမ်းညွှန်ချက် တရားဝင်သစ်၏ စံနှင့်အညွှန်းများ (၂၀၀၉)”ကို အခြေခံ၍ စံ (၆) ခုနှင့် အညွှန်း(၁၅)ခု ပါဝင်သော “တရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံ စံနှင့်အညွှန်းများ” ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ၍ ရေးဆွဲခဲ့ပါသည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ “တ ရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပေးနိုင်ရန် မြန်မာနိုင်ငံ စံနှင့်အညွှန်းများ−၂၀၀၉” ကို အ ခြေခံ၍ မြန်မာနိုင်ငံရှိ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ “မြန်မာနိုင်ငံတရားဝင်သစ်ဖြစ် ကြောင်း အာမခံသည့်စနစ်−Myanmar Timber Legality Assurance System, MTLAS” ကို ရေးဆွဲခဲ့ပါသည်။ MTLAS တွင် ဥပဒေသ (၆) ခုနှင့် စံ (၂၀) ပါဝင်ပြီး သစ်ထုတ်လုပ်ခွင့်မှစတင်၍ သစ်များ တင်ပို့ရောင်းချသည်အထိ ပါဝင်ပါသည်။ MTLAS တွင် သစ်ရရှိသည့် အရင်းအမြစ် (Sources of Timber) နေရာတွင် သဘာဝတောမှ ထွက်ရှိသောသစ်ကိုသာ ထည့်သွင်း၍ ရေးဆွဲ ခဲ့ပါသည်။ MTLAS စနစ်အား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော မူဘောင်များနှင့်အညီ လိုအပ် ချက်များ၊ အားနည်းချက်များကို သိရှိနိုင်ရန်နှင့် FLEGT VPA လုပ်ငန်းစဉ်အား အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ “MTLAS Gap Analysis Project” ကို (၂၀၁၆−၁၇) ခုနှစ်တွင် EU FAO FLEGT Programme ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီသည် “Programme for Endorsement of Forest Certification-PEFC” နှင့် ပူးပေါင်း၍ “Working in Partnership to bring Sustainable Management to Myanmar’s Forest” ခေါင်းစဉ်ဖြင့် (၃) နှစ်တာစီမံကိန်းကို Prince Albert (II) of Monaco Foundation ၏ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်၊ မေလမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ MFCC မှ ရေးဆွဲထားသော Policies များတွင် စနစ် များ/စံနှင့်အညွှန်းများ ရေးဆွဲသည့်အခါနှင့် ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲသည့်အခါတွင် လိုက် နာဆောင်ရွက်ရမည့် Standard Setting Policy (MFCC P 3 SS) လည်းပါဝင်ပါသည်။ ဖော်ပြပါ Policy တွင် စံနှင့်အညွှန်းများအား ရေးဆွဲပြီး (၅) နှစ်အကြာတွင် ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆွဲရန် ထည့်သွင်းရေးဆွဲထားပါသည်။ European Timber Trade Federation-(ETTF) ၏ အထောက်အပံ့ဖြင့် NEPcon အဖွဲ့အစည်းသည် “Evaluation of the Myanmar CoC Dossier and MTLAS” ခေါင်းစဉ်ဖြင့် ဆန်းစစ်အကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါအစီရင်ခံစာတွင် MTLAS အား ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်းကို လည်း သုံးသပ်ရေးသားထားကြောင်း တွေ့ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် MTLAS စနစ်အား ပြန် လည်ပြင်ဆင်ရေးဆွဲရာ အဆိုပါအစီရင်ခံစာမှ ထွက်ရှိလာသော တွေ့ရှိချက်များနှင့် ၂၀၁၆−၁၇ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းမှ ရရှိသည့် တွေ့ရှိချက်များ၊ လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှ တွေ့ရှိချက်များကို ထည့်သွင်းစဉ်းစား၍ အာဆီယံ၏ တရားဝင်သစ်ဖြစ်ကြောင်း စံနှင့်အညွှန်း (၂၀၁၉−မူကြမ်း) တို့ကို အခြေခံ၍ MTLAS စနစ် မူကွဲ (၁.၀၂) ကို မူကြမ်းအနေဖြင့် ရေးဆွဲခဲ့ပါသည်။ MFCC-PEFC စီမံကိန်းပြီးဆုံးသည့်နောက်ပိုင်းတွင် WWF ၏ ပံ့ပိုးမှုဖြင့် International Consultant တစ်ဦး ရွေးချယ်ငှားရမ်းခဲ့ပါသည်။ ၄င်းမှ ASEAN ကို အခြေခံပြီး ရေးဆွဲ ထားသော MTLAS 2019 ပေါ်တွင် ပြန်လည်သုံးသပ်၍ အကြံပြုခဲ့ပါသည်။ အဆိုပါအကြံပြုချက်များတွင် Legality Definition အဆိုပြုချက်လည်း ပါရှိပါသည်။ Timber Legality Definition နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိရန် လိုအပ်ပါသည်။ MTLAS ကို ပြန်လည်သုံးသပ်ရာ မူလ (၂၀၁၃) စံချိန်စံညွှန်းကို မူကွဲ (၁.၀) သတ်မှတ် ပါသည်။ မူကွဲ (၂) ကို အတည်မပြုမီ မူကွဲ (၁.၀၁)၊ (၁.၀၂)နှင့် (၁.၀၃) စသည်ဖြင့် သတ်မှတ်ရန် အဆင့်များ ရှိမည်ဖြစ်ပြီး နောက်ဆုံးမူကွဲ (၂) ကို အတည်ပြုပြီးသည်အထိ အဆင့်ဆင့်လုပ်ဆောင် ခဲ့ချက်များကို ရက်စွဲဖြင့် မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ MTLAS မူကွဲ (၁.၀၁) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ MTLAS မူကွဲ (၁.၀၂) ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ယခု MTLAS မူကွဲ (၁.၀၃) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ကျင်းပခဲ့သော Expert Advisory Group နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေး ကော်မတီ ပထမ အကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ ပြုစုထားသော Standard Setting Policy အရ “မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” မူကွဲ (၁.၀၃ - ၂၀၂၂) ကို အတည်ပြုနိုင်ရေးအတွက် ဆက်စပ်ပတ်သက်ပါဝင်သူများ အားလုံးထံမှ သဘောထား မှတ်ချက်နှင့် အကြံဉာဏ်များ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များတောင်းခံသည့် အချိန်ကာလမှာ ရက်ပေါင်း (၃၀) ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့အထိ ဖြစ်ပါသည်။ သဘောထားမှတ်ချက်နှင့်အကြံဉာဏ်များပေးခြင်းကို “လူထုသဘောထားမှတ်ချက် နှင့် အကြံဉာဏ်ရယူခြင်းပုံစံ” တွင် ဖြည့်စွက်ပေးပို့နိုင်ပါသည်။ မြန်မာနိုင်ငံသစ်တောထောက်ခံ ချက်ပြုရေးကော်မတီ [email protected] သို့ Emailဖြင့် ပေးပို့၍ သဘော ထားမှတ်ချက်နှင့်အကြံဉာဏ်များကို ပေးပို့နိုင်ပါသည်။ လူကြီးမင်းတို့အနေဖြင့် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ ပေးပို့ရန် အချိန်ကာလ ထပ်မံလိုအပ်နိုင်သည့်အတွက် သဘောထားမှတ်ချက်နှင့် အကြံဉာဏ်များ တောင်းခံသည့် အချိန်ကာလကို (၂၈-၇-၂၀၂၂) ရက်နေ့မှ (၁၀-၈-၂၀၂၂) ရက်နေ့ထိ ရက်သတ္တ ပတ်(၂)ပတ် ထပ်မံ တိုးမြှင့်လိုက်ပါသည်။ Public Consultation for “Myanmar Timber Legality Assurance System (MTLAS) Version (1.03-2022)” In order to enable MFCC to be in the position to manage the issuance of legality certificate, the set of Criteria and Indicators was developed comprising (6) criteria and (15) indicators based on “ASEAN Criteria and Indicators for Legality of Timber (2009)” in both Myanmar and English languages with the collaboration of the related departments. Then, in 2013, the Myanmar Forest Certification Committee developed and approved the “Myanmar Timber Legality Assurance System, MTLAS” based on the existing laws, rules and regulations as well as the “Myanmar Criteria and Indicators for Legality of Timber - 2009”. MTLAS includes (6) principles and (20) criteria, starting from right to harvest to the exports. In MTLAS, the source of timber was only covered harvested timber from natural forest. In order to meet the international benchmarks of the legality frameworks, the MTLAS Gap Analysis Project was conducted in 2016-17 under the assistance of EU FAO FLEGT Program to identify gaps and to support FLEGT process accordingly. In addition, Myanmar Forest Certification Committee collaborated with the Program for Endorsement of Forest Certification (PEFC) and launched a three-year project called “Working in Partnership to bring Sustainable Management to Myanmar’s Forest” funded by Prince Albert (II) of Monaco Foundation in 2017 May. During this project, MFCC developed the policies that included the Standard Setting Policy (MFCC P 3 SS) to be followed when developing systems / criteria and indicators. The policy includes to be reviewed and revised to the criteria and indicators that has been developed after five years. With the support of the European Timber Trade Federation (ETTF), NEPcon conducted an assessment report on “Evaluation of the Myanmar CoC Dossier and MTLAS” and the report was released in 2019 July. The report also indicated that MTLAS needed to be reviewed and revised. In 2020, the findings from that report, the findings of the above 2016-17 project and the findings from the Standard Implementation Stage were taking into account of the developing of the MTLAS Version (1.02). It was also drafted based on the ASEAN Standard for Legality of Timber (2019-draft). After the completion of the MFCC-PEFC project; with the support of the WWF, an International Consultant was selected and hired to review the MTLAS 2019, which is based on ASEAN guidelines. It also includes the recommendation to revise the Legality Definition which is also to comply with the current laws, rules and regulations of Myanmar. When MTLAS was reviewed, the original set of Criteria and Principles (2013) is set as Version (1.0). Before the Version (2) is approved, there will be steps to be set as Version (1.01), (1.02), (1.03) and etc.; and all steps will be recorded with the date until the Final Version (2.0) is approved. MTLAS Version (1.01) was approved on 22nd February 2019, and MTLAS Version (1.02) was also approved on 26th January 2021. Now, MTLAS Version (1.03) was approved by Expert Advisory Group on 3rd June, 2022 and First MFCC Meeting on 13th June 2022. In accordance with MFCC standard setting policy, MFCC would now like to invite stakeholders’ comments on “Myanmar Timber Legality Assurance System (Version 1.03 - 2022)”. This consultation period will open for 30 days from 28 June, 2022 and end on 27 July, 2022. Feedback can be submitted by completing the below MTLAS public consultation form. If preferred you can also submit feedback through [email protected]. Myanmar Forest Certification Committee has extended the public consultation period for two weeks, from 28 July, 2022 to 10 August, 2022 in order to give you more time to send feedback. You can download the files in the following table. Related DocumentsDate Myanmar Timber Legality Assurance System (MTLAS) (Version 1.03-2022) Myanmar Timber Legality Assurance System (MTLAS in Myanmar version draft ) (Version 1.03-2022) Public Consultation Form for "Myanmar Timber Legality Assurance System (MTLAS)"


    Continue reading